ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Wednesday, January 2

သံယောဇဉ်နွံ

မျက်စိလည် လမ်းမှားလာတာလား?
တမင်တကာပဲလား?
သေချာမသိတဲ့ အချိန်တစ်ခုမှာ
အမှတ်မထင်................
သံယောဇဉ်နွံထဲကို
မရည်ရွယ်ဘဲ
မမျှော်လင့်ဘဲ
တရှိုက်မက်မက်
နူးညံ့သက်ဝင်စွာနဲ့
ငါ....လှလှလေးပြုံးပြီး
ကျရှုံးနေပြီလေ။

သစ္စာဖောက်မိတဲ့ နှလုံးသားတစ်စုံနဲ့
နောက်ကွယ်ကနေ
ကြိုးကိုင်ကြံစည်နေတဲ့
သံယောဇဉ်
ဘယ်သူ့မှာ အပြစ်ပိုရှိလဲ?
သိလဲမသိချင်ဘူး...
သိဖို့လဲ မကြိုးစားဘူး...

သံယောဇဉ်ဟာ
မရှိမဖြစ်ဆိုရင်
ငါ..............အပြီးနှစ်တော့မှာလား?
သံယောဇဉ်ရဲ့
မထိတထိ လှောင်ရီသံတွေနဲ့
ငါ...ဗလောင်ဆူနေတယ်။

ဒါပေမယ့်
သံယောဇဉ်ရှိလို့
စိုပြည်တယ်ထင်ရင်လဲ
တစ်ချိန်ချိန်မှာ
ပြန်ထွက်သွားမှာပဲလေ။
အချိန်တန်ရင်
အိမ်ပြန်မယ့်
ဧည့်သည်ကို
ပျူငှာဖော်ရွေစွာနဲ့
ရင်ဆိုင်ဖို့........ငါ.........အသင့်ပါ။

တစ်ခါတစ်လေတော့
မျက်စိကိုမှိတ်
နားကိုပိတ်ပြီး
ငါ......ဖွဖွလေးတွေးမိတယ်
သံယောဇဉ်နွံ အကြောင်းပေါ့
ငါ...နွံနစ်နေပြီလေ။
နစ်သထက်နစ်
အဆုံးစွန်းတစ်နေရာထိပေါ့...
ဘ၀ကို အလိုက်သင့်လေး
မျောလိုက်တာလဲ
တစ်ခါတစ်ရံမှာ.......နေတတ်ခြင်းတစ်မျိုးပေါ့။

အတွေးတွေကို အိပ်ဆေးကျွေးပြီး
ခဏမှေးစက်ထားခိုင်းလိုက်တယ်
ငါ.....အိပ်မက်မက်နေတယ်
အိပ်မက်ဆိုတာ
မက်တုန်းခဏပါ
အိပ်မက်ကနှိုးလာတော့လဲ
မာယာများတဲ့ လက်တွေ့ဘ၀က
ငါ့ကို ဆီးကြိုနေပြီလေ။

chaos

12 comments:

  1. မမ...
    အဲဒီသံယောဇဉ်နွံထဲက ရုန်းမရဖြစ်နေရင် သိုးလေး လက်ကို ဆွဲ၊ သိုးလေး တွဲလိုက်မယ်။ ကဗျာလေး အရမ်းကောင်းတယ်။

    ReplyDelete
  2. သြော် chaos တစ်ယောက် နွံနစ်နေပြီကိုး

    ReplyDelete
  3. သစ္စာဖောက်တဲ့ ကောင်ရော..ကြိုးကိုင်တဲ့ ကောင်ရော..နှစ်ကောင်စလုံးကို ကြိုးမိန့်ပေးတယ်..။

    ReplyDelete
  4. ကဗျာတွေကတော့ ကောင်းပြီးရင်း ကောင်းနော်..
    အားပေးလျက်ဗျာ

    ReplyDelete
  5. ကောင်းလိုက်တဲ့ ကဗျာလေး။ မမရေ....နောက်ထပ်နောက်ထပ် ပိုမိုကောင်းမွန်တဲ့ ကဗျာလေးတွေ မွေးဖွားနိုင်ပါစေ။ မမရဲ့ ကဗျာလေးက လက်တလော ရတနာ့ ခံစားမိနေတာနဲ့ တူနေတယ် မမရေ။ heart ထိသွားတယ်လို့ ပြောရတော့မှာပေါ့။း-)

    ReplyDelete
  6. နွံ့ဆိုတာ ရုန်းလေနစ်လေပဲနော်...နစ်လို့ရုန်းရင် ပိုနစ် လိမ့်မယ်... ဖြေးဖြေးလေးပုံမှန်အတိုင်းပဲနစ်နေပါစေ...

    ReplyDelete
  7. အရမ်းကောင်းတဲ့..ကဗျာလေးပါဗျာ…

    ကိုနေ(YNP)

    ReplyDelete
  8. ညီမလေးရေ နွံနစ်နေတုန်းပဲလားဟ

    ReplyDelete
  9. အရမ်းကောင်းတယ်...

    ReplyDelete
  10. သံယောဇဉ် နွံနစ်နေတယ်လို့ မထင်ဘူးဗျာ။ သံယောဇဉ် လွန်ဆွဲ နေသလားလို့။ :D ကဗျာလေး အရမ်းကောင်းပါတယ်ဗျာ။

    ReplyDelete
  11. ခိုက်သွားပြီဗျို့။
    ကဗျာလေးက ကောင်းလိုက်တာ။
    သံယောဇဉ် ဆိုမှတော့...
    နစ်ပြီပေါ့...

    ReplyDelete
  12. မက်တုန်းခဏမှာ ပျော်ဖို့ကောင်းမလားးးးးးးးးးးးးး

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။