ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Sunday, December 23

ချစ်သောညီမလေးအတွက်


ညီမလေးရေ ဒီနေ့ အသက်(၂၀)ပြည့် မွေးနေ့မှာ ညီမလေးတစ်ယောက် ပျော်ရွှင်မှု အပေါင်း ခညောင်းပါစေနော်။ ညီမလေးဆိုတဲ့ နာမည်လေးကို ခေါ်မိတဲ့ အချိန်တိုင်း အတိုင်းမသိ ပီတိဖြစ်ရတယ်။ ဟိုး.......ငယ်ငယ်လေးတည်းက ခုချိန်ထိ တစ်ဦးတည်းသော ကောင်မလေး တစ်ယောက် ဖြစ်တဲ့ အစ်မ ဘ၀မှာ မောင်နှမဆိုတဲ့ ဝေါဟာရကို ငတ်မွတ်ခဲ့တယ်လေ။ ဘယ်လိုမှ နောက်ထပ် ညီအစ်ကို မောင်နှမတွေ မရှိနိုင်တော့အဆုံး အနီးစပ်ဆုံး သူငယ်ချင်းတွေကို တအား တွယ်တာမိတယ်။ အဲ့ဒီအထဲမှာ ညီမလေး ကတော့ အစ်မအတွက် ထူးခြားမှုတွေကို သယ်ဆောင်လာပေးတယ်နော်။ သံယောဇဉ်တွေနဲ့ အရိပ်တကြည့်ကြည့် အစ်မကို တအားနားလည်ပေးတဲ့ ညီမလေးကို အစ်မတအားချစ်ပါတယ်။ အစ်မနေမကောင်းရင် မျက်နှာငယ်လေးနဲ့ တတ်နိုင်သမျှ ဖြည့်စွမ်းပေးတဲ့ ညီမလေး၊ သံယောဇဉ်တွေနဲ့ နွေးထွေးမှုပေးတဲ့ ညီမလေး၊ ကောင်မလေး တစ်ယောက် ဒီမွေးနေ့ ရက်လေးက စလို့ နောင်နှစ်ပေါင်းများစွာ အထိ ပျော်ရွှင်မှုတွေ တသီကြီး ပိုင်ဆိုင်နိုင်ပါစေ။ အရွယ်နဲ့ မလိုက်အောင် လောကရဲ့ မာယာတွေကို နားလည်နေတဲ့ ကောင်မလေးရေ အခက်အခဲတွေ ကြုံတိုင်း ရဲရဲဝံ့ဝံ့ မတွေဝေဘဲ အမှန်တရားကို မြတ်နိုးတဲ့ ညီမလေးကို တအားချစ်တယ်။ ကောင်မလေးတစ်ယောက် အစ်မတစ်ယောက်လို တွယ်တာပေးတာကို အရမ်းပဲကျေးဇူးတင်တယ် ညီမလေးရယ်။

chaos

1 comment:

  1. ညီမလေးရေ မွေးနေမှာ ပျော်ရွှင်ပါစေ...

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။