ဘောင်ခတ်ထားတဲ့ မေတ္တာတရားတွေ
ငါ့ကို တရားဟောနေတယ်
တရားသဘောကို မသိလို့တော့ မဟုတ်ပါဘူး
ဦးနှောက်ရဲ့ အသိဥာဏ်ကို
နှလုံးသားနဲ့ တွန်းလှန်မိလို့။
ရင်ဘတ်ထဲက မဲ့ပြုံးတစ်စုံ
အမှတ်တမဲ့...........
အပြင်ဘက်ကို ခုန်ထွက်လာတယ်။
ငါကောက်သိမ်းဖို့
မကြိုးစားလိုက်ဘူး။
နေပါစေတော့
တစ်ခါတစ်လေ
အမှန်ဟာ အမှန်ပဲပေါ့။
ခံယူချက်တစ်ခုကို
ငါ့ရဲ့ အတ္တဆိုရင်
ငါ့ ခံယူချက်ကို
ပြောင်းပြန်မြင်တဲ့
သူတို့မှာရော
အတ္တ မရှိဘူးလား။
ဘောင်တွေနဲ့ လောက
ငါနေရတာ
မွန်းကျပ်တယ်။
တန်ဖိုးဆိုတဲ့
စကားတစ်ခွန်းနဲ့
ငါ့ကို ညာဝါးဖို့ ကြိုးစားရင်
ငါ အာခံဖို့ အဆင်သင့်ပဲ။
ငါ တွေ့နေရတယ်လေ
သူတို့ကိုယ်တိုင်
လက်ခံ ကျင့်သုံးနေတဲ့
တန်ဖိုးဆိုတာ
သူတို့ နှုတ်ခမ်းဖျားပေါ်တင်
တစ်ခဏတာ လှုပ်ခတ်သွားတဲ့
အရာတွေလေ။
နှလုံးသားကို
ဘောင်သွင်း အကျဉ်းချဖို့
ကြိုးစားနေကြတယ်....
တစ်ခုတော့ ရှိတယ်
တင်းကျပ်လွန်းရင်
လွတ်ထွက်သွားမဲ့ နှလုံးသားအတွက်
နောင်တတွေ မဖြစ်စေချင်ဘူးလေ။
chaos
ငါ့ကို တရားဟောနေတယ်
တရားသဘောကို မသိလို့တော့ မဟုတ်ပါဘူး
ဦးနှောက်ရဲ့ အသိဥာဏ်ကို
နှလုံးသားနဲ့ တွန်းလှန်မိလို့။
ရင်ဘတ်ထဲက မဲ့ပြုံးတစ်စုံ
အမှတ်တမဲ့...........
အပြင်ဘက်ကို ခုန်ထွက်လာတယ်။
ငါကောက်သိမ်းဖို့
မကြိုးစားလိုက်ဘူး။
နေပါစေတော့
တစ်ခါတစ်လေ
အမှန်ဟာ အမှန်ပဲပေါ့။
ခံယူချက်တစ်ခုကို
ငါ့ရဲ့ အတ္တဆိုရင်
ငါ့ ခံယူချက်ကို
ပြောင်းပြန်မြင်တဲ့
သူတို့မှာရော
အတ္တ မရှိဘူးလား။
ဘောင်တွေနဲ့ လောက
ငါနေရတာ
မွန်းကျပ်တယ်။
တန်ဖိုးဆိုတဲ့
စကားတစ်ခွန်းနဲ့
ငါ့ကို ညာဝါးဖို့ ကြိုးစားရင်
ငါ အာခံဖို့ အဆင်သင့်ပဲ။
ငါ တွေ့နေရတယ်လေ
သူတို့ကိုယ်တိုင်
လက်ခံ ကျင့်သုံးနေတဲ့
တန်ဖိုးဆိုတာ
သူတို့ နှုတ်ခမ်းဖျားပေါ်တင်
တစ်ခဏတာ လှုပ်ခတ်သွားတဲ့
အရာတွေလေ။
နှလုံးသားကို
ဘောင်သွင်း အကျဉ်းချဖို့
ကြိုးစားနေကြတယ်....
တစ်ခုတော့ ရှိတယ်
တင်းကျပ်လွန်းရင်
လွတ်ထွက်သွားမဲ့ နှလုံးသားအတွက်
နောင်တတွေ မဖြစ်စေချင်ဘူးလေ။
chaos
ကဗျာတွေ ကဗျာတွေ ..တွေးလေ ရေးလေ..ရေးလေ ကောင်းလေပါလား ဗျ
ReplyDeleteကျွန်တော် ဒီကဗျာလေးကို အရမ်းသဘော ကျပါတယ်။ တန်ဖိုးထားရမဲ့ ကဗျာတွေ ထဲမှာ တစ်ခုပါပါတယ်။
ReplyDeleteဘောင်ဆိုတာကို မုန်းလွန်းလို့ ဘောင်ခတ်ပြီးကြည့်ရတဲ့ မျက်မှန်တောင် မတတ်ဘူး..ဟီး...နောက်တာ..
ReplyDeleteအပြည့်အ၀ခံစားသွားပါတယ်.. ဒီကဗျာလေးကို..
လောကကြီးကို စိတ်ကုန်နေတာတော့ ကြာပြီ
ရင်ဘတ်ထဲက မဲ့ပြုံးတစ်စုံ
ReplyDeleteအမှတ်တမဲ့...........
အပြင်ဘက်ကို ခုန်ထွက်လာတယ်။
ငါကောက်သိမ်းဖို့
မကြိုးစားလိုက်ဘူး။
နေပါစေတော့
တစ်ခါတစ်လေ
အမှန်ဟာ အမှန်ပဲပေါ့။
ညီမလေးရေ နမိတ်ပုံလေးတွေသုံးထားတာလှတယ်။ကြိုက်တယ်
ဘောင်လားလာမပြောနဲ့
ReplyDeleteမုန်းနေတာကြာပေါ့
မျက်မှန်တောင်..ဖရိမ်လက်စ်ပဲတပ်တယ်..ဟဟဟ
ကောင်းတယ်ကွာတစ်ကယ်ပဲ...
ဆေးတစ်ခွက်ထပ်တိုးတာပေါ့
အားပေးနေတယ်နော်..။
ကောင်မလေးရေ
ReplyDeleteမဲ့ပြုံးလေးတော့ မပြုံးပါနဲ့
တခါတရံ အတွေးတွေက
ထပ်တူမကျတတ်ဖူး
ဘောင်တွေနဲ့လို့ပဲမမြင်ပါနဲ့
လောကကြီးကို ရှုခင်းအမျိုးမျိုးနဲ့
ဘောင်ထဲက ပန်းချီလေးလို
မြင်ကြည့်ပါ
ကောင်မလေးကိုတော့ ပျော်ရွှင်စေချင်တယ်
ချစ်တဲ့
မိုးချစ်သူ
အရမ်းကောင်းတဲ့ကဗျာလေးပါ…
ReplyDeleteယိမ်းနွဲ့ပါး
ညာပြီးတော့လည်း ၀ါးဘူး...။
ReplyDeleteဘောင်လည်းခတ်ဘူး...။
တင်းလဲမတင်းကျပ်ဘူး..။နော်...။
လွတ်တော့မသွားစေနဲ့ ..(စိတ်)
ကဗျာလေးကောင်းတယ်ညီမလေးရေ။ ညီမလေး လက်ရည်တွေ တနေ့ တခြားတက်လာတယ်။း-)
ReplyDeleteကောင်းလိုက်တဲ့ ကဗျာ ..း)
ReplyDelete