ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Wednesday, November 7

chaos ၏အရူးလွယ်အိတ်

ချစ်မလေးမ နဲ့ အလွမ်းအိမ်လေးက chaos လွယ်အိတ်ထဲမှာ ဘာရှိလဲတဲ့ ပြီးတော့ မီးလေး နဲ့ Okisu ကတော့ဘာပါလဲတဲ့ ဓါးပြ တိုက်မယ်ဆိုပဲ
ကဲကြည့်ရအောင်.... မျက်စိမမှိတ်ထားနဲ့နော်....
  • စာအုပ်တစ်အုပ် ( ကဗျာတွေရေးထားတယ်၊ ပြီးတော့ ဖတ်လိုက်တဲ့ စာကြောင်းတွေ ကြိုက်ရင် ကူးထည့်ထားတယ်)
  • ဘောပင်မျိုးစုံ ( chaos က ဘောပင်ဝယ်စုရတာ ၀ါသနာပါတယ်)
  • ခေါင်းဖြီးတစ်လက်( ဆံပင်က ကောက်နေတော့ သိပ်မသုံးဖြစ်ဘူး၊ ဒါပေမယ့် လိုအပ်ရင်ထုတ်သုံးရအောင်လေ)
  • မှန်တစ်ချပ် ( အဟဲ... အိမ်သာထဲမှာ သွားသွားခိုး ကြည့်တာဗျ)
  • lip gloss ( ဒါကတော့ နှုတ်ခမ်းသားခြောက်တာကို အကြောင်းပြပြီး ပဲများဖို့ထဲ့ထားတာ)
  • နှပ်သုတ်စက္ကူ ( တစ်ရှူးကို တင်စားထားတာ)
  • အစာအိမ်ဆေး၊ ခေါင်းကိုက်ပျောက်ဆေး နဲ့ ဓါတ်ဆားထုပ် ( ဒီလောက်ဆို chaos ဘယ်လောက် ကျန်းမာရေး ကောင်းတယ်ဆိုတာ သိကြရောပေါ့နော့)
  • Memory stick ( အင်တာနက်ကနေ data သူခိုးလုပ်ဖို့လေ ဟေးဟေး)
  • ပီကေ ( ကိုပီကေ ကိုထည့်ထားတာ ပြောတာမဟုတ်ဘူးနော်)
  • ချိုချဉ် ( အစာအိမ်နာတာ အကြောင်းပြပြီး ရှယ်တွယ်တာလေ)
  • ရေဗူးတစ်ဗူး ( ပိုက်ကလေးနဲ့ စုပ်သောက်တဲ့ဟာလေ ကလေးတွေဆို chaos ရေဗူးတွေ့ပြီးရင် လိုချင်လို့တဲ့ ငိုတော့တာပဲ)
  • ယာဉ်မောင်းလိုင်စင် ( မော်တော်ပီကယ်တွေကို မကြောက်ပါဘူးနော်၊ ဆိုင်ကယ်စီးလို့ ဖမ်းမိရင် ပိုက်ဆံ 10000 မတတ်နိုင်လို့ ထဲ့ထားရတာ)
ဆက်မဖတ်နဲ့တော့လေ မရှိတော့ဘူး။

chaos

3 comments:

  1. အင်း.. ပြန်ရောက်ရင် ဘောပင် တစ်ချောင်းလောက် လာတောင်းဦးမယ်။ သဉ္ဖာက ဘောပင် ခဏခဏ ပျောက်လို့.. :)

    ReplyDelete
  2. ကျန်သေးတယ်...ကျန်သေးတယ်....ရှိဦးမှာပါ...။ အကုန်မဟုတ်သေးဘူး....။ ပြောမလား..မပြောဘူးလား.....။ ဟွန်း....။ အကုန်ပြော....။

    ReplyDelete
  3. ရေဘူးလေးလိုချင်တယ်ဗျာ .. ဘီယာစုပ်သောက်ရအောင်လို့ပါ ..
း)

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။