ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။
Tuesday, November 6
စုပေါင်းစပ်ပေါင်း
မိုးတွေရွာနေတဲ့ စနေ ညလေး တစ်ညမှာပေါ့… အလွမ်းအိမ် ထဲမှာကွေးရင်း စိမ်းစို ညိမ်းညို နေတဲ့ တောင်တန်းတွေကို မြင်ယောင်ရင်း ရေဒီယို ဖွင့်ကြည့်လိုက်တယ်။ ဂွီဂေါ် တဲ့…ဟာဘာသံလဲ ဇီးကွက် အော်တာလဲ မဟုတ်ဘူးပဲ… တော်ပြီ TV ကြည့်တာပဲ ကောင်းမယ်။ ပန်…ပန်…ပန်…ပန်…ပန် တဲ့သေရော…မ၀ယ်နိုင်တဲ့ ရွှေကြော်ညာနဲ့မှ လာတိုးနေတယ်။ ပြန်အိပ်တာတောင် ကောင်းဦးမယ်။ အိပ်ပျော်သွားရင် ခွန်မြလှိုင် လို အိမ်မက်တွေ နဲ့ခြောက်ခြားမှာ စိုးရိမ်မိသေး။ ကဲကဲ အိပ်တော့မယ်။ခလော…ခလူး…ခလဲ….
ဟာ… ငါဘယ်ရောက်နေတာလဲ? သြော် ကန်ရေအေး နံဘေးမှာကိုး။ ကောင်းကင်ကို မော့ကြည့်လိုက်တယ် မီးထွန်းစရာ မလိုအောင် လင်း နေတာပဲ။ မီးလေး တစ်ပွင့်ရဲ့ အလင်းကိုတောင် မလိုအပ်တော့လောက်အောင် နေဘုန်း တန်ခိုးတွေ ကြီးမားနေပါလားဗျို့။ PK တစ်ခုဝါးစားရင်း အတွေးရပ်ဝန်း ထဲနယ်ချဲ့ နေမိတယ်။ အချိုကုန်လို့ ရေပြင်ထဲ -ထွေးထုတ်လိုက်ရင် မာန်လှိုင်းငယ် တွေများထသွားမလားလို့။ ယိမ်းနွဲ့ နေတဲ့ ကန်ရေပြင်ကိုကြည့်ပြီး ဟိုးတစ်ချိန်က လျှောက်ခဲ့တဲ့ ကဗျာလမ်း က ၀င်္ကပါ မှတ်တမ်းကို ပြန်ပြောင်း အောက်မေ့နေချိန်ပေါ့။ တိုလီမုတ်စ အတွေးတစ်စ ၀င်လာပြန်ရော။ မော်စီတုန်း ခေတ်မှာ ကဗျာချစ်သူ တွေကို အဆုံးစီရင် တတ်လားပေါ့။ အခုချိန်ထိသာ သူ အသက်ရှင် နေဦးမယ်ဆိုရင် D J သမားတွေ၊ Rapster တွေ၊ ဘလင့် 182 ကြိုက်တဲ့ လူငယ်တွေကို ဘာများပြောမလဲပေါ့။ ဆိုးသွမ်း လူငယ်တွေရဲ့ မလေးမ ခန့် အပြုအမူတွေကို နှင်းဆီနီနီ တစ်ပွင့်နဲ့ ဂုဏ်ပြုမှာ မဟုတ်တာတော့ သေချာတယ်။ အတွေးက မဆုံးသေးဘူး… ဒိုင်းဒိုင်း တဲ့…ဟာဘာသံလဲ? မျှားပြာ တစ်စင်း၊ သေနတ် မျိုးစုံနဲ့ မောင်ရင်ငတေ ဦးဆောင်တဲ့ အောင်မျိုးဟန် တို့အဖွဲ့ပါလား။ ဟာ ကိုစိုးထက် နဲ့ 0kisu တို့လဲပါတာပဲ။ ပြေးဟ… ပြေးနိုင်မှ လွတ်မယ်။ အား… မောလိုက်တာ….ငါ အိမ်မက် မက်နေတာပါလား… မိုးလှိုင်ည ထဲမှာ မိုးချစ်သူ မဟုတ်တဲ့ ငါ့ရဲ့ ဂျူလိုင်အိမ်မက် လေးပြိုကွဲသွားပြီ။ ရန်ထောင်တဲ့ လူတွေကို ရန်အောင် ဖို့ငါ မကြံဆောင်နိုင်တော့ဘူးနော်။ သဘာဝရဲ့ မယ်လိုဒီသံစဉ် လေးတွေ ဇီဝိန်ချုပ်ငြိမ်း ကုန်ပါပြီ။
ကျွန်မ ချစ်တဲ့ ဘလော့ဂါ မောင်နှစ်မတွေရဲ့ နာမည်လေးတွေနဲ့ ပိုစ့်တင်ထားတာပါ။ အဆင်မပြေရင် ပြန်ပြောလို့ရတယ်နော်။
20 comments:
  1. လာဖတ်သွားတယ် ကျွန်တော်က အဲဒီတုန်းက အဲဒီမှာ ဘာလုပ်နေတာလဲ ဟင် ... :P
    ReplyDelete
  2. နာမည်တွေ ကို လင့်ခ် ချိတ်ပေးပါဗျို့ ... :)
    ReplyDelete
  3. ဟားဟ...လှတယ်ဗျာ။ အတွေးကတော့ ပိုင်ပါပေတယ်။
    Chaos ရေ။ အားလုံးထဲမှာ ကျွန်တော်တစ်ယောက်တည်း နာမည်နဲ့လိုက်အောင်
    ဆိုးသွားတာပါလားနော်။ ဟဲဟဲ။ ဒါပေမယ့် ကျေနပ်ပါတယ်။ အခုလို ဘလောဂ့်မောင်နှစ်မ တွေအပေါ် သံယောဇဉ်ထားတက်လို့ပေါ့။
    ပညာတွေ တိုးတက်ပါစေဗျာ။
    ReplyDelete
  4. မှားနေတယ် ပီကေဆိုတာ ၀ါးဖို့ မဟုတ်ဘူး ကိုက်ဖို့ ဟီး
    ReplyDelete
  5. ကောင်းတယ်။ ရီရယုံတင်မဟုတ်ဘူး။ Chaos ရဲ့ စိတ်ကူးလေးတွေက တော်တော်ကောင်းတယ်နော်။ ကိုစိုးထက်ပြောသလိုပဲ အမည်တွေကို လင့်ချိတ်ပေးလိုက်ရင် ပိုကောင်းသွားမယ်လို့ ထင်တယ်နော်။ ဆက်လုပ်ပါဦး။
    ReplyDelete
  6. ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ နာပါလို့ ပျော်သွားပြီးမှ အမယ်ငေး ဇီဝိန်ချုပ်ငြိမ်းတဲ့ အခန်းက ပါလား ဟရို့ ဟင့်အင်း ဟင့်အင်း ကြန်ကြင်ပေး အနော်က ငယ်ငယ်လေးချိတေးတာ တေချင်တေးဝူးရှိုမှ :P
    ReplyDelete
  7. တော်တယ်ဝေ့....
    အတွေးကတော့ ကောင်းတယ်.. တကယ်ပါ။
    နောက်လည်း များများရေးပါ.. အားပေးပါတယ်။
    ReplyDelete
  8. ကောင်းတယ်ဝေ့...
    အတွေးလေး တော်တော်ကောင်းတယ်....
    ချီးကျူးပါတယ်.. ဒီလိုမျိုးတွေ ရေးနိုင်တာ....
    နောက်ထပ်ရေးပါဦး.. အားပေးပါတယ်..
    ReplyDelete
  9. ကောင်းတယ်ဝေ့...
    အတွေးလေး တော်တော်ကောင်းတယ်....
    ချီးကျူးပါတယ်.. ဒီလိုမျိုးတွေ ရေးနိုင်တာ....
    နောက်ထပ်ရေးပါဦး.. အားပေးပါတယ်..
    ReplyDelete
  10. ဟာဟ ညလေး တစ်ည တဲ့ ရေးထားလိုက်တာလဲ စုံနေတာပဲ... ကောင်း၏ ကောင်း၏ ဆက်သာလုပ် ဘာပဲလုပ်လုပ် ကောင်းတယ်။
    ReplyDelete
  11. အော် သူလဲ တိုလီမုတ်စတွေ ရေးနေပါလား ဟိဟိ.. တိုလီမိုလီအသုပ်စုံပေါ့ဗျာ
    ReplyDelete
  12. ဟိုက် ရှာလပတ်ရည် ...
    အားပါးပါး ရေးတတ်လိုက်တာဗျာ ..
    အစ်မရေ များများရေးပေးပါဗျို့  အမောပြေတယ်ဗျာ.။
    ReplyDelete
  13. ဟားဟားဟားဟား......ချောကတော့လက်သံကတော့ပြောင်ပါပေ့...
    နာမည်ပြောင်းရင်ကောင်းမယ်နဲ့ တူတယ်။မောင်ရင်ငတေကို
    ကြင်န်ာသူဆိုပြီးပြောင်းလိုက်ရမလားဗျို ။့ :P
    ReplyDelete
  14. မိုက်လိုက်တဲ့စာသားတွေ ဘယ်လိုစိတ်ကူးနဲ့များ
    ရေးထားပါလိမ့်။ နီနီသာဆိုရင် အဲ့ဒီလို ထွက်မှာ မဟုတ်ဘူး။ ဘယ်လိုစဉ်းစား၊ စဉ်းစား။
    နှင်းဆီနီနီ။။
    ReplyDelete
  15. ရေးထားတာလေးကောင်းတယ်အစ်မ။ အိပ်မက်မက်နေ
    တာကိုး။ တကယ်မက်တာလားဟင်။
    ဦးစိုးထက်ပြောသလိုပဲလင့်တွေထည့်ပေးပါနော်။
    ReplyDelete
  16. ကြေးအိုး
    အိမ်မက်တွေ ပြိုကွဲသွားရင် ပြန်လျှော်ပေး ရမယ်။ ဒါပဲ။
    ဘဘ
    ReplyDelete
  17. မလေးမခန့် ဆိုပါလား...။ ဒါမခန့်တာ..။ ချစ်မ..ချစ်မ ဆိုပြီး လှတပတ နေရာမှာ မထည့်ပေးဘူး ....။ ဟွန့် ...။ တွေ့ မယ်....တွေ့ မယ်..။ ကြံ၂ဖန်၂ ...ဟန်၂ပန်၂ ... မြန်၂ဆန်၂ ... ဒန်..ဒန်..ဒန်...။ဂွတ်တယ်...ဆက်လုပ်...။
    ReplyDelete
  18. ဘယ်စနေလဲဟင်..
    ငစနေလား.. စနေမလား..း)
    သစ်သစ်ဆန်းဆန်း ရေးတတ်တယ်
    ကျေးဇူး... ကဗျာချစ်သူး)
    ReplyDelete
  19. မိုက်တယ်ဟေ့
    ထားဝယ်သွားနေလို့အခုမှပြန်ရောက်တယ်။
    ကြိုက်သွားတယ်
    ReplyDelete
  20. အိုင်ဒီယာမိုက်တယ်ဗျာ...ဂွဒ်တယ်ဗျို့....
    ReplyDelete
အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။