ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Thursday, October 25

ဆုံမှတ်မဲ့ မျဉ်းနှစ်ကြောင်း


တကယ်တမ်းတော့ မျဉ်းပြိုင်နှစ်ကြောင်းရဲ့ ဆုံမှတ်ဟာ infinity လို့သိထားရက်နဲ့ မိုက်မဲလှစွာပဲ ငါဆုံအောင် ကြိုးစားခဲ့တယ်။ ရလာဒ်ရဲ့ အဖြေကတော့ ငါထင်ထားတဲ့ နာကျင်နေတဲ့ ဝေဒနာတွေပဲလေ.............


မတူညီတဲ့ မျဉ်းပြိုင်နှစ်ကြောင်း
အတင်း ပြိုင်မမောင်းခိုင်းနဲ့
ဒဏ်ရာ မျက်ရည်တွေ
မိုးစွေကုန်ပြီ

ငါ့ရင်တွင်း ငိုရှိုက်သံကို
ဘာသံစဉ်လဲမမေးနဲ့
ငါကိုယ်တိုင်လဲမသိဘူး

သောကမီးလောင်ကျွမ်းနေတဲ့
နှလုံးသားကြမ်းပြင်ဟာ
အကောင်းအတိုင်းပြန်မဖြစ်နိုင်တော့ဘူး

အတွေးလဲမတူ
အမြင်လဲညှိမရ
အဖြေရှာရတော့ ဒုက္ခ
သြော်..........ဒါလား လူ့လောက

chaos

3 comments:

  1. မျဉ်းတစ်ကြောင်းရဲ့ နာမည်က သုခ၊
    နောက်တစ်ကြောင်း နာမည်က ဒုက္ခ။
    သူတို့ နှစ်ကြောင်းက ပြိုင်နေတော့ မဆုံနိုင်ကြဘူး။
    ဒါပေမယ့် အတူရှိနေကြတယ်။ ချစ်ခြင်းကြောင့် ပျော်ရွှင်ရသလို သူနဲ့အတူ ငိုကြွေးရမယ့် တစ်နေ့ဆိုတာလည်း ရှိနေပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့ အချစ်မျဉ်းပြိုင်မှာ စတွေ့ရတာကတော့ ငိုကြွေးခြင်းပါ။ ဒါပေမယ့် မျဉ်းတိုလေးဖြစ်နေတော့ သူနဲ့ ပြိုင်မယ့်မျဉ်း မလာခင်မှာပဲ ကုန်သွားတယ်။ အခုတော့ အချစ်မျဉ်းတို ဖြစ်သွားပြီ။ :(

    ReplyDelete
  2. ချောရေကျွန်တော်ကတော့ဘယ်သောအခါမှအဲဒီမျဉ်းနှစ်ကြောင်း
    ကိုဆုံအောင်မကြိုးစားတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပြီးပြီ။နှစ်ခါသေဖူးဝေဒနာဖိုးကိုအတိုင်းထက်အလွန်နား
    လည်သွားခဲ့ပြီပါပြီ။

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။