ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Thursday, October 11

မခံစားနိုင်ဘူး


တစ်ခါတစ်လေ ကျွန်မတို့ဖတ်လိုက်တဲ့ စာတစ်ချို့ဟာ ကျွန်မတို့ကို ရပ်တန့်ပြီး စဉ်းစားခန်းဝင်သွားအောင် ဖမ်းစားနိုင်တယ်… တစ်ချို့စာတွေကို ကိုယ်ချစ်တဲ့ မိတ်ဆွေတွေနဲ့ အတူခံစားချင်လာတယ်…ဒီအောက်က အဖြစ်အပျက်လေးကလဲ ကျွန်မဖတ်လိုက်ရတဲ့ လူတွေပြောင်းလဲတတ် ပုံကို သရုပ်ဖော်ထားတဲ့
အကြောင်းအရာလေးပါ.......................


တစ်ခါက မျက်စိမမြင်တဲ့ ကောင်မလေးတစ်ယောက်က သူ့ဘ၀သူ ခါးသီးမိတယ်။
ဘာလို့လဲဆိုတော့ သူမရဲ့မျက်စိအလင်း ကွယ်ပျောက်နေလို့ပဲ။
လူတိုင်းကိုလဲ မုန်တီးမိတယ်..ဒါပေမယ့် သူ့ကိုသိပ်ချစ်တဲ့ ကောင်လေးကလွဲလို့ပေါ့။
ကောင်မလေး အလိုရှိတဲ့ အချိန်တိုင်း ကောင်လေးကအသင့်ပဲ။
ကောင်မလေးအမြဲပြောတဲ့ စကားတစ်ခွန်းကတော့ ကံကောင်းလို့ မျက်စိနှစ်လုံးအလင်း ပြန်ရပြီး ကမ္ဘာလောကကြီးကို မြင်တွေ့ခွင့်ရခဲ့ရင် ချစ်သူကောင်လေးကို လက်ထပ်မယ်တဲ့။
ကောင်မလေးရဲ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ အခွင့်အရေးတစ်ခု ဖန်လာတယ်။
တစ်နေ့မှာ မျက်စိအလှူရှင်နဲ့တွေ့လို့ ကောင်မလေးမျက်စိနှစ်ကွင်းအလင်းပြန်ရခဲ့တယ်။
ဒါနဲ့ပဲကောင်လေးကကောင်မလေးကို"အခုနင်မျှော့်လင့်နေတဲ့ လောကအလှကို တွေ့ပြီဆိုတော့ ငါ့ကိုလက်ထပ်နိုင်ပြီလား"လို့လဲမေးလိုက်ရောကောင်မလေး တုန်လှုပ်သွားခဲ့တယ်။ သူမတွေ့လိုက်တာကမျက်မမြင်ကောင်လေးဖြစ်နေလို့လေ။
သူမကကောင်လေးရဲ့လက်ထပ်ခွင့်ကိုငြင်းလိုက်တယ်။
အကြောင်းကတော့အထွေအထူးမဟုတ်ပါဘူးမျက်ကန်းလေးဖြစ်နေလို့တဲ့...
ထိခိုက်ကြေကွဲစွာနဲ့ကောင်လေးဟာကောင်မလေးကိုထားပြီးအဝေးကိုထွက်သွားခဲ့တယ်...
မျက်ဝန်းမှာတော့မျက်ရည်လည်ရွဲနဲ့...
သိပ်မကြာခင်မှာကောင်မလေးဆီကိုကောင်လေးရဲ့စာတစ်စောင် ရောက်လာတယ်...
စာထဲမှာရေးထားတာက"ကျေးဇူးပြုပြီးငါ့မျက်ဝန်းနှစ်စုံကို စောင့်ရှောက်ပေးပါ"တဲ့.............

အခြေအနေ အချိန်အခါ ပြောင်းတာနဲ့ လူတွေဟာ ပြောင်းလဲကြတယ်နော်…

ကိုယ်ရဲ့ဘ၀ပေးအခြေအနေမှန်ကို မေ့တတ်ကြတယ်…တကယ်တမ်း ၀မ်းနည်းတုန်လှုပ်မှုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ချိန် ဘယ်တစ်ဦးတစ်ယောက်ကများ ကိုယ့်ဘေးမှာ ရှိ…................နေ.............…မှာ................….လဲ….............................................................................
chaos

2 comments:

  1. human being can be selfish , but not like this, but .........................?
    not fair for those who .........

    ReplyDelete
  2. You know, this story seems almost like a paraphrase of the korean MTV- "Because I'm a Girl" by Kiss, a korean girl band.

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။